Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုခုခံဖို့ လက်နက်စမ်းသပ်ရင်း တော်လှန်ရေးရဲဘော်များ ထိခိုက်ခဲ့ရသည့်ဖြစ်စဉ်များကို ဂန့်ဂေါ PDFထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်ရာတွင် လက်နက်မပြည့်စုံခြင်းကြောင့်ရရာလက်နက် ဆွဲကိုင်တော်လှန်ရင်း အသက်နှင့်ဘ၀များ ပေးဆပ်လိုက်ရသည့် ရဲဘော်များ၏ပုံရိပ်များကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်ဖော်ပြခဲ့သည်။

ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)

▪️တော်လှန်ရေးအောင်မြင်ဖို့ အသက်နှင့် ဘ၀များရင်းပြီး တိုက်ပွဲဝင်နေသူများကို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံ

ထိုသို့ ထုတ်ပြန်ရာတွင်လက်လုပ် လက်နက်များစမ်းသပ်ရင်း ထိခိုက်မှုဖြစ်ခဲ့ရသည့် ရဲဘော်များ၏ အခြေအနေကို ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

တော်လှန်ရေးရဲဘော်တစ်ဦးသည် လက်လုပ်(၄၀) မမစမ်းသပ်ရင်း မျက်လုံးတစ်လုံး၊ မျက်နှာတစ်ခြမ်း၊ လက်တစ်ဖက် ပေးဆပ်ခဲ့ရမှု၊ မိုင်းစစ်ဆင်ရေး ပြုလုပ်ရင်း မတော်တဆ ဖြစ်ကာ အသက်ပေးခဲ့ရသည့် ရဲဘော်တစ်ဦး၏ ဖြစ်စဉ်၊ အီနာဂါဗုံးသီးထိမှန်၍ မျက်လုံးတစ်ဖက်နှင့် ခြေထောက်တစ်ဖက်ပေးဆဲခဲ့ရသည့် ရဲဘော်တစ်ဦး၏ ဖြစ်စဉ်၊ မိုင်းစစ်ဆင်ရေးပြုလုပ်ရင်းမတော်တဆ ဖြစ်ကာ ဦးခေါင်းထိပြီး စကားမပြောနိုင်(စကားပြောလေ့ ကျင့်နေဆဲ)ဖြစ်သွားရသည့် ရဲဘော်၏ ဖြစ်စဥ်၊လက်နက် ကြီး ပစ်ခတ်ရင်းမတော်တဆဖြစ်ပြီး လက်နက်ကြီးစထိမှန်ကာ ဆီးလမ်းကြောင်းထိခိုက်၊ ခြေထောက်တစ်ဖက်နှင့် ဦးခေါင်းထိခိုက်ခဲ့ရသည့် ရဲဘော်၏ ဖြစ်စဉ်တို့ကို ဖော်ပြခဲ့သည်။

ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)

“လက်နက်မပြည့်စုံခြင်းတွေကြောင့်ရရာလက်နက်ဆွဲကိုင်တော်လှန်ရင်း ပေးဆပ်မှုတွေများစွာနဲ့ ကျွန်တော်တို့ရဲဘော်တွေရဲ့ တော်လှန်ရေးခရီးကြမ်း။ စနစ်တစ်ခုကို အမြစ်ဖြတ်လိုတဲ့ ခံယူချက်အပြည့်နဲ့ ကျွန်တော်တို့ လူငယ်တွေ နေရာအစုံကနေ ပုံစံအစုံနဲ့ တော်လှန်ခဲ့ကြတာ တစ်နှစ်ကျော်ကာလကို ရောက်ရှိခဲ့ပြီ။ တူမီးဆိုတာ ဘယ်လိုလဲ၊ မိုင်းဆိုတာ ဘယ်လိုလဲ မသိတဲ့လူငယ်တွေ တော်လှန်ချင်စိတ် တစ်ခုထဲနဲ့ စူးစမ်းလေ့လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ စမ်းသပ်ထုတ်လုပ်ကြတယ်။ စမ်းသပ်ရင်း ဘဝတွေ၊ အသက်တွေလဲ အများကြီးပေးဆပ်ခဲ့ကြရတယ်”ဟု ဂန့်ဂေါ PDFက ထုတ်ပြန် သည်။

Public Service Announcement

PDF ရဲဘော်များအနေဖြင့် လေ့ကျင့်မှု ပြည့်၀ပြီး တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်ကြောင်း၊ တစ်နှစ်ကျော်ကာလအတွင်း မိုင်းပညာဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ကြောင်း အသိ ပေးထားသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကောက်ယူနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပြီး ကာပစ်ပေးဖို့ မောင်းပြန်နဲ့ကျည်ဆံအင်အား နဲပါးမှုကြောင့် လက်နက်ရနိုင်တဲ့ အခွင့်အရေးတွေလဲ လက်လွှတ်ခဲ့ရဖူးပါတယ်။ကျွန်တော်တို့တွေက အစားထိုးလို့မရတဲ့ အသက်တွေပေးပြီး တိုက်ပွဲဝင်မြဲဝင်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးအမြန်အောင်မြင်ဖို့ အတွက် အစားပြန်ထိုးလို့ရတဲ့ ငွေကြေးဥစ္စာတွေနဲ့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ