Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်တွင် အင်အား၁၀၀ခန့်ပါ စစ်ကြောင်းကို PDF သုံးဖွဲ့ပေါင်းပြီး ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ရေစကြုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) သုံးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများကြောင်း ရေစကြို PDFက သတင်းထုတ်နြပ်သည်။

ရေစကြိုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအရေအတွက်ကို စုံစမ်းနေကြောင်း ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် PDF ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDF၊ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။