Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်တွင် အင်အား၁၀၀ခန့်ပါ စစ်ကြောင်းကို PDF သုံးဖွဲ့ပေါင်းပြီး ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ရေစကြုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် တပ်ရင်း (၁)သင်တန်းအမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်၊ ဓာတ်ပုံ - ​ရေစကြို PDF)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) သုံးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများကြောင်း ရေစကြို PDFက သတင်းထုတ်နြပ်သည်။

ရေစကြိုမြို့နယ် ကျောက်ဖူး​ကျေးရွာ၌ ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ကို ဇွန်လ ၁၄ရက် နံနက် ၈နာရီခန့်တွင် ကျောက်ဖူးရွာနှင့် မိဖုရားရွာ ကြားအရောက်၌ ပဒေသာမိုင်း အတွဲများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအရေအတွက်ကို စုံစမ်းနေကြောင်း ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် PDF ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDF၊ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။