Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများအား ထိရောက်စွာကူညီရန် NUGက နွေဦးထီ အကောင်အထည်ဖော်မည်

NUGစီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဌာနက ပေးပို့လာသည့် လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေအား အတည်ပြုပြဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ဖီဆန်ရေးလှုပ်ရှားမှု CDF ဝန်ထမ်းများကို ထိရောက်စွာ ကူညီထောက်ပံ့ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောင်လံလွှင့်ချီ နွေဦးထီ ကို အကောင်အထည်ဖော်မည်ဖြစ်၍ လောင်းကစားဥပဒေကို ပြင်ဆင်ကြောင်း ထုတ်ပြန် သည်။

NUGစီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဌာနက ပေးပို့လာသည့် လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေအား အတည်ပြုပြဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

“လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်ရခြင်း ရည်ရွယ်ချက်များတွင် ပြည်သူလူထု၏ တခဲနက်ဆန့် ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာ လေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ် ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရရှိနိုင်ဆိုသည့်အချက်ကို စစ်အာဏာရှင်များအား “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် အကောင်းဆုံးသက်သေပြရန်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ် မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာကူညီထောက် ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး နွေဦးထီကို အကောင် အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နွေဦးထီကို မည်သည့်အချိန်၊ မည်သည့်ပုံစံဖြင့် အ ကောင်အထည်ဖော်မည်ဆိုသည့် အချက်များကိုမူ ထုတ်ပြန်ချက်၌ မပါရှိပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီက ဦးစီးဖွင့်လှစ်သည့် အောင် ဘာလေထီကို မထိုးခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ လှုပ်ရှားမှုသည် အောင်မြင်ခဲ့၍ စစ်ကောင်စီ လက်ထက်တွင် ထီရောင်းချရမှု အလွန်အမင်း ကျဆင်းပြီး ဆုကြေးငွေများကိုပင်လျော့၍ သတ်မှတ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။