Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိဘဲ CDMလုပ်သည့် ကျောင်းသားများကို ဂုဏ်ပြု​ကြောင်း NUG​ပြော

“ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြ သည်။

စစ်ကျွန်ပညာရေး ဆန္ဒပြပြည်သူအချို့
စစ်ကျွန်ပညာရေး ဆန္ဒပြပြည်သူအချို့

▪️စစ်ကောင်စီ၏ ဆယ်တန်းအောင်စာရင်း တရားဝင်မှုမရှိကြောင်း NUG ပညာရေးဝန်ကြီးဌာန ထပ်လောင်း အသိပေး

စစ်အာဏာရှင်ကျင်းပသော ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိဘဲ CDM လုပ်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို အလေးအမြတ်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(ဇွန် ၁၇)တွင် ထုတ်ပြန်သည်။

“ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြ သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချပြီး အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန်ကြေညာခြင်းစသည့် စစ်အာဏာ ရှင်စနစ်လည်ပတ်အောင် လုပ်ဆောင်မှုများသည် တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်ပါကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအား ကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရ နှင့်ပြည်သူ လက်တွဲညီညီဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် ဆက်လက်ပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။

ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်လျက်ရှိရာ စာသင်ချိန်သုံးလခန့်ဖြင့် စာမေးပွဲစစ်ပြီး အတန်းအောင်ပေးသည့်အပေါ် အများပြည်သူကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

အလားတူ ရန်ကုန်အခြေစိုက် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှလည်း အကြမ်းဖက်စစ်ကောင်စီကျင်းပသော အရည်အချင်းမပြည့်မီသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဝင်ရောက်ဖြေဆိုကြသော တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းမပြည့်မီသူများအဖြစ်သတ်မှတ်ပြီး ဆယ်တန်းအောင်လက်မှတ် ၊ တက္ကသိုလ်တက်ခွင့်တွေကို တရားမဝင်ကြောင်း ကြေညာပေးရန် NUG ထံတောင်းဆိုထားသည်။

“တိုင်းပြည်မျက်ရည်ကျနေချိန်မှာ ပြည်သူကိုစော်ကားသော ယခုနှစ်(၂၀၂၁-၂၀၂၂) တက္က သိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ရှုံ့ချပါသည်”ဟု ဖော်ပြ သည်။

အကြမ်းဖက်စစ်ကောင်စီက ကျင်းပသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူဦးရေမှာ ၂၈၀,၀၀၀ ကျော်သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook