Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​ကျေးရွာ​လေးရွာထက်မနည်း အ​ရေး​ပေါ် စစ်​ဘေး​ရှောင်​နေရ

“မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာလေးရွာထက်မနည်း အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယမန်နေ့ည ၁၀နာရီကစ၍ ယနေ့(ဇွန် ၂၁ ရက်)နံနက် ၆ နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

“မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်ရှိစစ်ဘေးရှောင်နေရသော ကျေးရွာများသည် ယင်းမာပင်မြို့နှင့် နီးစပ်ပြီး မြို့၏ အနောက်မြောက်ဘက်တွင်ရှိကြောင်းလည်း ဗိုလ်သူရိန်(ယင်းမာပင်)က ဆိုသည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ – CJ)

“တိုက်ပွဲလည်းမရှိဘူး အကြောင်းမဲ့သက်သက် ပစ်ခတ်နေတာ။လက်ရှိတော့ ယင်းမာပင်ထဲ မှာ စခက အင်အားတိုးထားတယ်။စုစုပေါင်း စစ်ကားအစီး ၇၀လောက်ဝင်နေတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။