Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်အတွက်ရိက္ခာဝယ်ပြန်လာ​သောပျူများကိုကြားဖြတ်တိုက်ခိုက် ၃ဦး​သေဆုံးဟုမြိုင်PDF ​ပြော

သေဆုံးသွားသော ပျူများကို ပျူ သင်တန်းကွင်းဖြစ်သည့် ကျွန်းတောအတွင်းမှာပင် အမိန့် ပြန်သွားသည်ဟုလည်း အသိ​ပေးသည်။ ပျူများ​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(မြိုင် PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDFမြိုင်)
(မြိုင် PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDFမြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်ကောင်စီတပ်အတွက် ရိက္ခာဝယ်ပြန်လာသည့် ပျူစောထီးအဖွဲ့အားပစ်ခတ်တိုက်ခိုက်ရာ ပျူ၃ဦးသေဆုံးကြောင်းမြိုင်PDFကသတင်းထုတ်ပြန်သည်။

ဇွန်လ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်က မြိုင်မြို့နယ်၊ကန်နီရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျုစောထီး များအတွက်ရိက္ခာဝယ်ယူလာသောပျူစောထီး ၄ဦး လိုက်ပါလာသည့် HIJETအဖြူရောင်ကားအား ကျောင်းကုန်းရွာအနီး၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDF၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပျူများလိုက်ပါလာသည်ဟုသတင်းအတိအကျရ၍စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးပျူ ၃ ဦးသေဆုံးကာ ကျန်တစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြိုင် PDFက အသိပေးသည်။

သေဆုံးသွားသော ပျူများကို ပျူ သင်တန်းကွင်းဖြစ်သည့် ကျွန်းတောအတွင်းမှာပင် အမိန့် ပြန်သွားသည်ဟုလည်း အသိ​ပေးသည်။ ပျူများ​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထိုနေ့ ဇွန်၁၈ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တပ်ရင်း-၁ နှင့်ဂဠုန်တပ်ဖွဲ့တို့ပူးပေါင်းကာ ကင်းပတ်ပြီးပြန်လာသည့် ကိုင်းတောမရဲကင်းစခန်းက စစ်သားနှင့်ရဲ ၆ ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦး သေဆုံးပြီး ၁ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်