Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်အတွက်ရိက္ခာဝယ်ပြန်လာ​သောပျူများကိုကြားဖြတ်တိုက်ခိုက် ၃ဦး​သေဆုံးဟုမြိုင်PDF ​ပြော

သေဆုံးသွားသော ပျူများကို ပျူ သင်တန်းကွင်းဖြစ်သည့် ကျွန်းတောအတွင်းမှာပင် အမိန့် ပြန်သွားသည်ဟုလည်း အသိ​ပေးသည်။ ပျူများ​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(မြိုင် PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDFမြိုင်)
(မြိုင် PDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PDFမြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်ကောင်စီတပ်အတွက် ရိက္ခာဝယ်ပြန်လာသည့် ပျူစောထီးအဖွဲ့အားပစ်ခတ်တိုက်ခိုက်ရာ ပျူ၃ဦးသေဆုံးကြောင်းမြိုင်PDFကသတင်းထုတ်ပြန်သည်။

ဇွန်လ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်က မြိုင်မြို့နယ်၊ကန်နီရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျုစောထီး များအတွက်ရိက္ခာဝယ်ယူလာသောပျူစောထီး ၄ဦး လိုက်ပါလာသည့် HIJETအဖြူရောင်ကားအား ကျောင်းကုန်းရွာအနီး၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDF၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပျူများလိုက်ပါလာသည်ဟုသတင်းအတိအကျရ၍စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးပျူ ၃ ဦးသေဆုံးကာ ကျန်တစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြိုင် PDFက အသိပေးသည်။

သေဆုံးသွားသော ပျူများကို ပျူ သင်တန်းကွင်းဖြစ်သည့် ကျွန်းတောအတွင်းမှာပင် အမိန့် ပြန်သွားသည်ဟုလည်း အသိ​ပေးသည်။ ပျူများ​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆ​က်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ထိုနေ့ ဇွန်၁၈ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တပ်ရင်း-၁ နှင့်ဂဠုန်တပ်ဖွဲ့တို့ပူးပေါင်းကာ ကင်းပတ်ပြီးပြန်လာသည့် ကိုင်းတောမရဲကင်းစခန်းက စစ်သားနှင့်ရဲ ၆ ဦးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦး သေဆုံးပြီး ၁ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။