Connect with us

Hi, what are you looking for?

ဗီဒီယို

နွေဦးတော်လှန်ရေးအောင်ပွဲနဲ့ နီးလာပြီ

အောင်ပွဲနဲ့ နီးလာတာနဲ့အမျှ တိုင်းရင်းသားတန်းတူရေးကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ဖို့လည်း လိုလာတယ်လို့ ပဒိုမန်းမန်းက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ မြင်တွေ့နေရတဲ့ ရလာဒ်တွေအရ အောင်ပွဲနဲ့နီးနေပြီလို့ ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောလိုက်ပါတယ်။

အောင်ပွဲနဲ့ နီးလာတာနဲ့အမျှ တိုင်းရင်းသားတန်းတူရေးကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ဖို့လည်း လိုလာတယ်လို့ ပဒိုမန်းမန်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေ အရ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နိုင်ငံရေးအဖြေထွက်မှာမဟုတ်ကြောင်း ပြောပါတယ်။

အပစ်ရပ် NCA ထိုးထားတဲ့ကာလမှာတောင်နိုင်ငံရေးအရ အဖြေထွက်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပိုမိုဆိုးရွားလာတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေကို စစ်အင်အားတိုးချဲ့သလို လေကြောင်းကနေ တိုက်ခိုက်ပြီး ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပဒိုမန်းမန်းနဲ့ People’s Spring ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။