Connect with us

Hi, what are you looking for?

ဗီဒီယို

နွေဦးတော်လှန်ရေးအောင်ပွဲနဲ့ နီးလာပြီ

အောင်ပွဲနဲ့ နီးလာတာနဲ့အမျှ တိုင်းရင်းသားတန်းတူရေးကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ဖို့လည်း လိုလာတယ်လို့ ပဒိုမန်းမန်းက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ မြင်တွေ့နေရတဲ့ ရလာဒ်တွေအရ အောင်ပွဲနဲ့နီးနေပြီလို့ ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောလိုက်ပါတယ်။

အောင်ပွဲနဲ့ နီးလာတာနဲ့အမျှ တိုင်းရင်းသားတန်းတူရေးကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ဖို့လည်း လိုလာတယ်လို့ ပဒိုမန်းမန်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေ အရ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နိုင်ငံရေးအဖြေထွက်မှာမဟုတ်ကြောင်း ပြောပါတယ်။

အပစ်ရပ် NCA ထိုးထားတဲ့ကာလမှာတောင်နိုင်ငံရေးအရ အဖြေထွက်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပိုမိုဆိုးရွားလာတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေကို စစ်အင်အားတိုးချဲ့သလို လေကြောင်းကနေ တိုက်ခိုက်ပြီး ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပဒိုမန်းမန်းနဲ့ People’s Spring ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook