Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ကောင်စီတပ်သားအချင်းချင်း စကားများ ပစ်ခတ်မှုဖြစ်ရာ သုံးဦးသေ

“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Ye Naung Seven Colour
Ye Naung Seven Colour

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ရက် ည ၁၀နာရီခွဲခန့်တွင် မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်အနီး ၄မိုင်ကုန်း၌ စစ်ကောင်စီ တပ်သားများ အချင်းချင်း စကားများကြရင်း ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ ဖော်ပြမထားပေ။

“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်သည် ယမန်နေ့က မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး CDF ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။