Connect with us

Hi, what are you looking for?

News

ကောလင်းမြို့ ကားဂိတ်တွင်ဗုံးကွဲလို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး​သေ

အလောင်း​တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ထွေအုပ်ဝန်ထမ်း​တွေက လာရောက်သယ်ဆောင်သွားတယ်လို့ မျက်မြင်​တွေ့ရှိသူအချို့က ပြောပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့ရှိ ကားကြီးကွင်းအနီး ကြူတောဂိတ်မှာ ဒီ​နေ့ နံနက် ၉ နာရီဝန်းကျင်က ဗုံး​ပေါက်ကွဲလို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး​သေဆုံးသွားတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

​သေဆုံးသူနှစ်ဦးဟာ ဒုရဲအုပ်တစ်ဦးနဲ့စစ်သားတစ်ဦး ဖြစ်တယ်လို့ ​ဒေသခံအချို့က ပြောပါတယ်။

အလောင်း​တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ထွေအုပ်ဝန်ထမ်း​တွေက လာရောက်သယ်ဆောင်သွားတယ်လို့ မျက်မြင်​တွေ့ရှိသူအချို့က ပြောပါတယ်။

ဗုံးပေါက်ပြီးတဲ့​နောက်မှာ အာဏာသိမ်းစစ်​ကောင်စီတပ်​တွေက ကောလင်းမြို့တွင်း ရမ်းသမ်းပစ်ခတ်​နေပြီး ၂ နာရီ​လောက်ကြာ​အောင်ပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

​နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကို ​​ဒေသခံတော်လှန်​ရေးတပ်သား​တွေနဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေက ဗုံးခွဲတိုက်ခိုက်တာ ၊​သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်တာ​တွေ ဒီရက်ပိုင်းပိုများလာပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook