စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့ရှိ ကားကြီးကွင်းအနီး ကြူတောဂိတ်မှာ ဒီနေ့ နံနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူနှစ်ဦးဟာ ဒုရဲအုပ်တစ်ဦးနဲ့စစ်သားတစ်ဦး ဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ထွေအုပ်ဝန်ထမ်းတွေက လာရောက်သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူအချို့က ပြောပါတယ်။
ဗုံးပေါက်ပြီးတဲ့နောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ကောလင်းမြို့တွင်း ရမ်းသမ်းပစ်ခတ်နေပြီး ၂ နာရီလောက်ကြာအောင်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံတော်လှန်ရေးတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်တာ ၊သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဒီရက်ပိုင်းပိုများလာပါတယ် ။
