Connect with us

Hi, what are you looking for?

News

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောက်တွင် မြို့နယ် PDF ​ခြောက်ခု တိုးချဲ့ဖွဲ့စည်းမည်

YPDF အောက်တွင် YPDF (ဂန့်ဂေါ)၊ YPDF(ထီးလင်း)၊ YPDF(ဆော)၊ YPDF(ကျောက်ထု)၊ YPDF (ကျော) နှင့် YPDF( လောင်းရှည်) စသည့် မြို့နယ်အဆင့် YPDF များ တိုးချဲ့ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့သည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ခုကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း YPDFက ယမန်နေ့တွင်ထုတ်ပြန်သည်။

YPDFကို ယောနယ်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ ကျောက်ထုနှင့် လောင်းရှည် မြို့နယ်များမှ ဒေသခံများနှင့် ဇွန်လအတွင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုသည်။

YPDFတွင် ပါဝင်သူများသည် စစ်အာဏာ ရှင်အမြစ်ဖြတ်ရေးနှင့် ယောလူမျိုးအကျိုး အမှန်တကယ်လိုလားသူများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

YPDF အောက်တွင် YPDF (ဂန့်ဂေါ)၊ YPDF(ထီးလင်း)၊ YPDF(ဆော)၊ YPDF(ကျောက်ထု)၊ YPDF (ကျော) နှင့် YPDF( လောင်းရှည်) စသည့် မြို့နယ်အဆင့် YPDF များ တိုးချဲ့ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

YPDF ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် တတပ်တအား ပါဝင်ဆောင်ရွက်နိုင်ရန်၊ ယောဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူများအားလုံး၏ အသက်အိုးအိမ်စည်းစိမ်များ၊ CDM လုပ်ဆောင်နေသည့် ဌာနအဖွဲ့အစည်းအသီးသီးမှ ပြည်သူ့ဝန်ထမ်းများကို လူသတ်အကြမ်းဖက်စစ်တပ်ရန်မှ အပြည့်အ၀ကာကွယ်ရန်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ အပြင် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများမှ ဒေသခံ PDFများနှင့် ချိတ်ဆက် မဟာမိတ်ပြုလုပ်ပြီး အတူတကွ လက်တွဲပးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်း လူသတ်အကြမ်းဖက်တပ်များ၏ အုပ်ချုပ်မှုယန္တရား၊ ပျူစောထီးများနှင့် သတင်းပေးဒလန်များကို NUG အစိုးရ၏ ကြားကာလအစီအမံများအတိုင်း အရေးယူဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း YPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်