Connect with us

Hi, what are you looking for?

LuduNwayOo

News

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောက်တွင် မြို့နယ် PDF ​ခြောက်ခု တိုးချဲ့ဖွဲ့စည်းမည်

YPDF အောက်တွင် YPDF (ဂန့်ဂေါ)၊ YPDF(ထီးလင်း)၊ YPDF(ဆော)၊ YPDF(ကျောက်ထု)၊ YPDF (ကျော) နှင့် YPDF( လောင်းရှည်) စသည့် မြို့နယ်အဆင့် YPDF များ တိုးချဲ့ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့သည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ခုကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း YPDFက ယမန်နေ့တွင်ထုတ်ပြန်သည်။

YPDFကို ယောနယ်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ ကျောက်ထုနှင့် လောင်းရှည် မြို့နယ်များမှ ဒေသခံများနှင့် ဇွန်လအတွင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုသည်။

YPDFတွင် ပါဝင်သူများသည် စစ်အာဏာ ရှင်အမြစ်ဖြတ်ရေးနှင့် ယောလူမျိုးအကျိုး အမှန်တကယ်လိုလားသူများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

YPDF အောက်တွင် YPDF (ဂန့်ဂေါ)၊ YPDF(ထီးလင်း)၊ YPDF(ဆော)၊ YPDF(ကျောက်ထု)၊ YPDF (ကျော) နှင့် YPDF( လောင်းရှည်) စသည့် မြို့နယ်အဆင့် YPDF များ တိုးချဲ့ဖွဲ့စည်းမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

YPDF ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် တတပ်တအား ပါဝင်ဆောင်ရွက်နိုင်ရန်၊ ယောဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူများအားလုံး၏ အသက်အိုးအိမ်စည်းစိမ်များ၊ CDM လုပ်ဆောင်နေသည့် ဌာနအဖွဲ့အစည်းအသီးသီးမှ ပြည်သူ့ဝန်ထမ်းများကို လူသတ်အကြမ်းဖက်စစ်တပ်ရန်မှ အပြည့်အ၀ကာကွယ်ရန်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ အပြင် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများမှ ဒေသခံ PDFများနှင့် ချိတ်ဆက် မဟာမိတ်ပြုလုပ်ပြီး အတူတကွ လက်တွဲပးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်း လူသတ်အကြမ်းဖက်တပ်များ၏ အုပ်ချုပ်မှုယန္တရား၊ ပျူစောထီးများနှင့် သတင်းပေးဒလန်များကို NUG အစိုးရ၏ ကြားကာလအစီအမံများအတိုင်း အရေးယူဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း YPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။