Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ကို အနိုင်ယူရေး ပြည်သူများစည်းလုံးညီညွတ်စွာ ရပ်တည်တုံ့ပြန်ကြရန် KNU တိုက်တွန်း

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်၏ ယနေ့ ထုတ်ပြန်ချက်၌ “တစ်ဦးတစ်စုအသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” ဟု ဖော်ပြသည်။

(စစ်အာဏာရှင် ဆန့်ကျင်​ရေးပြဘ်သူများက ဆန္ဒထုတ်​ဖော်ခဲကြစဥ်။ ။ဓါတ်ပုံ-The Guardian၊ CJ)
(စစ်အာဏာရှင် ဆန့်ကျင်​ရေးပြဘ်သူများက ဆန္ဒထုတ်​ဖော်ခဲကြစဥ်။ ။ဓါတ်ပုံ-The Guardian၊ CJ)

အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်နက်ကိုင် ခုခံနေသည့်နည်းတူတိုင်းသူပြည်သားများကလည်း အချင်းချင်းရိုင်းပင်းကာ စည်းလုံးညီညွတ်စွာ ရပ်တည်တုံ့ပြန်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) က တိုက်တွန်းလိုက်သည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်၏ ယနေ့ ထုတ်ပြန်ချက်၌ “တစ်ဦးတစ်စုအသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” ဟု ဖော်ပြသည်။

KNU (ဗဟို)၏ ချမှတ်ထားပေးသည့်အတိုင်း ပြည်သူပြည်သားများအားလုံးအတွက် လုံခြုံသည့် ကြားခံနယ်မြေများတည်ဆောက်ရေး၊ လေယာဉ်မပျံသန်းရနယ်မြေများပေါ်ထွက်လာရေးတို့အတွက် အပြည်ပြည်ဆိုင်ရာနှင့်သော်လည်းကောင်း၊ ခုခံတော်လှန်သူများ နှင့်ပူးတွဲဖြင့်သော်လည်းကောင်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီနှင့်အကြား အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာဆွေးနွေးညှိနှိုင်းများပြုလုပ်ခြင်းဖြင့် ပြည်သူများလုံခြုံမှုရရှိရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟုလည်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တရားမဝင်သိမ်းယူခဲ့သည့် စစ်ကောင်စီသည် ပြည်သူလူထုရွေးကောက်တင်မြောက်သော လူထုအစိုးရအားထောင်တွင်းအကျဉ်းချခြင်း၊ မတရားအရေးယူအပြစ်ပေးခြင်း၊ ကြီးလေးသည့်ဖြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး ယခုတိုင်ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ၏ ကျေးရွာ၊ နေအိမ်များအပေါ်သို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီး တိုင်းပြည်တဝန်း၌ ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် နိုင်ငံအဆင့် အကြမ်းဖက်ပေါ်လစီကို ချမှတ်လုပ်ဆောင်နေသည်ဟု ဆက်လက်ဖော်ပြသည်။

ထိုသို့သောလုပ်ရပ်များကြောင့် ရပ်ရွာအိုးအိမ်များပစ်ခွာထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကလေးငယ်များ စာသင်ယူနိုင်မှုအခွင့်အရေးပျက်ကွက်နေရခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပျက်စီးခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ငွေကောက်ယူခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်များသိမ်းယူခြင်းနှင့် လူ့အခွင့်အရေးများဆုံရှုံးခြင်းတို့ ဖြစ်ပွားနေသည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook