အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလသည် မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorjနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။
မွန်ဂိုလီးယားသမ္မတဟောင်းအနေဖြင့်လည်း ၎င်း၏ ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေး နေမည်ဖြစ်ကြောင်း အခိုင်အမာဆိုသည်။
မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက် သမ္မတ Elbegdorj ကို ယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်စကားပြောသည်။

Public Service Announcement
သမ္မတဟောင်း Elbegdorj သည် မြန်မာလူမျိုးများ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ဦးဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အခိုင်အမာ ထောက်ခံသူဖြစ်သည်။
ထို့အပြင် ၎င်းသည် မွန်ဂိုလီးယားသမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရန်အတွက် Club de Madrid၊ International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။


















































