Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယာယီသမ္မတ မွန်ဂိုလီးယားသမ္မတဟောင်းနှင့်တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလသည် မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorjနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

မွန်ဂိုလီးယားသမ္မတဟောင်း
မွန်ဂိုလီးယားသမ္မတဟောင်း

NUG ယာယီသမ္မတသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်း သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို မျှ ဝေခဲ့သည်ဟု ဆိုသည်။

မွန်ဂိုလီးယားသမ္မတဟောင်းအနေဖြင့်လည်း ၎င်း၏ ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေး နေမည်ဖြစ်ကြောင်း အခိုင်အမာဆိုသည်။

မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက် သမ္မတ Elbegdorj ကို ယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်စကားပြောသည်။

Public Service Announcement

Public Service Announcement

သမ္မတဟောင်း Elbegdorj သည် မြန်မာလူမျိုးများ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ဦးဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အခိုင်အမာ ထောက်ခံသူဖြစ်သည်။

ထို့အပြင် ၎င်းသည် မွန်ဂိုလီးယားသမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရန်အတွက် Club de Madrid၊ International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။