Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီက ရပ်ကွက်တစ်ခုမှာ ဒုစရိုက်ဂိုဏ်းချင်း တိုက်ပွဲတွေ ဖြစ်ပြီး ပြည်သူ ထောင်သောင်းချီ ပိတ်မိနေ

အခုလိုမျိုး ကဏ္ဍစုံမှာ အကျပ်ရိုက်နေခြင်းကြောင့်လည်း အစိုးရ အနေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း လျော့နည်းသွားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အရှိန်မြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဟေတီက ရပ်ကွက်တစ်ခုမှာ ဒုစရိုက်ဂိုဏ်းချင်း တိုက်ပွဲတွေ ဖြစ်ပြီး ပြည်သူ ထောင်သောင်းချီ ပိတ်မိနေ
ဟေတီက ရပ်ကွက်တစ်ခုမှာ ဒုစရိုက်ဂိုဏ်းချင်း တိုက်ပွဲတွေ ဖြစ်ပြီး ပြည်သူ ထောင်သောင်းချီ ပိတ်မိနေ

ဟေတီနိုင်ငံက ရပ်ကွက်တစ်ခုမှာ ဒုစရိုက် ဂိုဏ်းအချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရာက အရပ်သားပြည်သူ ထောင်သောင်းချီပြီး ပိတ်မိနေကြောင်း သိရပါတယ်။

မြို့တော် ပို့တ်အူပရင့်စ်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားရာ ဆီတီဆိုလီ ကျူးကျော် ဆင်ခြေဖုံး ရပ်ကွက်မှာ သွေးထွက်သံယို ပြဿနာတွေ ပေါ်ပေါက်နေတာ အခုဆိုရင် တစ်ပတ်လောက် ကြာမြင့်လာပြီဖြစ်ပြီး အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ပါဘူး။ အဲဒီရပ်ကွက်ဟာ ဒုစရိုက်သမားတွေ၊ ဝရမ်းပြေးတွေ ခိုအောင်းရာ နေရာတစ်ခုအဖြစ် လူသိများပါတယ်။

ဒေသခံ မီဒီယာတွေက လက်ရှိ ပဋိပက္ခတွေဟာ ဒေသခံ ဒုစရိုက် ဂိုဏ်းအချင်းချင်း ရန်ငြှိုးထား တိုက်ခိုက်နေတာလို့ ဖော်ပြကြပါတယ်။ လမ်းတွေပေါ်မှာ မလုံခြုံတော့တာကြောင့် ဒေသခံတွေက သောက်ရေနဲ့ စားနပ်ရိက္ခာတွေတောင် ကြိုကြိုတင်တင် သိုလှောင် မထားနိုင်ဘဲ အိမ်တွင်းပုန်းပြီး ပိတ်မိနေကြရပါတယ်။

မေလကတည်းက ရပ်ကွက်ထဲမှာ ဂိုဏ်းဂဏ စစ်ပွဲတွေ မကြာခဏ ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သောင်းလောက်က နေရပ်စွန့်ခွာ ထွက်ပြေးကုန်ကြပါပြီ။ ဒါပေမဲ့ အခြေအနေတွေက ငြိမ်သက်မသွားတဲ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစလို့ ပိုဆိုးလာတယ်လို့ မြို့တော်ဝန်ရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ပတ်အတွင်းမှာတင် ရပ်ကွက်ထဲမှာ လူ ၅၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပေမယ့် မြေပြင် အခြေအနေမှာ ဒီထက် ကိန်းဂဏန်းတွေ ပိုများနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ဆိုရင်တော့ ပုပ်ပွပြီး မကောက်ယူနိုင်သေးတဲ့ အလောင်းတွေ၊ မီးလောင်ကျွမ်းထားတဲ့ အလောင်းတွေပါ တွေ့နေရတယ်လို့ ဂျာနယ်လစ် တစ်ဦးက ဆိုပါတယ်။

ကမ္ဘာ့ အနောက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ ဟေတီဟာ ဆူပူ အကြမ်းဖက်မှု၊ လောင်စာဆီ ခေါင်းပါး ပြတ်လပ်မှုတွေ အပါအဝင် အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကလည်း ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးကြောင့် ဟေတီမှာ လူပေါင်း ၂၂၀၀ ကျော် သေဆုံးပြီး အဆောက်အအုံ ၁၃၅၀၀၀ ကျော် ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ တစ်နှစ်မှာ သမ္မတ ဂျိုဗီနဲလ် မွိုက်ဆေး လုပ်ကြံခံရပြီး ကတည်းက နိုင်ငံရေး အခြေအနေတွေပါ ရှုပ်ထွေးလာခဲ့ပါတယ်။

အခုလိုမျိုး ကဏ္ဍစုံမှာ အကျပ်ရိုက်နေခြင်းကြောင့်လည်း အစိုးရ အနေနဲ့ ဒုစရိုက် ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း လျော့နည်းသွားပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အရှိန်မြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။