Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး – တောင်သာလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီ တပ်သားငါးဦးသေဟု နွားထိုးကြီး PDFပြော

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

(ပြီးခဲ့သည့် ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ-နွားထိုးကြီး PDF)
(ပြီးခဲ့သည့် ဧပြီအတွင်းက နွားထိုးကြီး - တောင်သာလမ်းတွင် အဝေးပြေးကား များအား နွားထိုးကြီး PDF အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေစဥ်၊ ဓာတ်ပုံ-နွားထိုးကြီး PDF)

မန္တလေးတိုင်း၊ နွားထိုးကြီး – တောင်သာလမ်းပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ ယာဥ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး ကြောင်း နွားထိုးကြီး PDFအဖွဲ့က သတင်း ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၇ ရက်) ည ၁၀နာရီခန့်က နွားထိုးကြီးဘက်မှ တောင်သာမြို့ ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော အိမ်စီးကား မှန်လုံနှစ်စီးအား နွားထိုးကြီး – တောင်သာ နယ်အစပ်အရောက်တွင် နွားထိုးကြီး PDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFတာဝန်ရှိသူက “အရပ်ဝတ်တွေနဲ့ပါ။ အရာရှိလိုက်ပို့ တယ်တော့ကြားတယ်ဗျ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နွားထိုးကြီး PDFအဖွဲ့သည် ယခင်ရက်ပိုင်းအတွင်းကလည်း နွားထိုးကြီး – မြင်းခြံ လမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ