Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခုနစ်ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော်နှင့် ပြ​ည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွား

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တစ်ပတ် အတွင်း ကျေးရွာ ခုနစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် နှင့်ပြ​ည်သူ ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ​ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်အတွင်း ခင်ဦးမြို့နယ်၌ စစ်ကောင်စီတပ်က ကျေးရွာပေါင်း၂၀ထက် မနည်း စီးနင်းပြီး ကျေးရွာ ခုနစ်ရွာ မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ ငါးဦးသေဆုံးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူလည်း အများအပြားရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၇ ရက်က အင်အား၁၀၀ကျော်ဖြင့် ယာတော်ကျေးရွာမှ နေအိမ် နှစ် လုံးကို မီးရှို့ခဲ့သည်။ ထိုကျေးရွာနေ အသက် ၇၇နှစ်အရွယ် ဒေါ်သိန်းကူဆိုသူမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နှလုံးရပ်ကာသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj

ထိုနေ့၌ပင် ဥယျာဥ်ကျေးရွာ နေအိမ် နှစ်လုံး မီးရှို့ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်သည် Mi-17 သုံးစီး၊ Mi-35 နှစ်စီး တို့ဖြင့် ကန့်ဘလူနယ် ကျီစုရွာ၊ ခင်ဦးနယ် သာဝတ္ထိ၊ မုံလှ၊ ငါးရုံကြီး၊ ရှားတောကျေးရွာများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့အပြင် သာဝတ္ထိကျေးရွာအနီး၌ ​ဒေသတွင်း PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင်လည်း ရှားတောရွာမှ နေအိမ် သုံးလုံး၊ ရှင်မင်းဒွေရွာမှ နေအိမ်နှစ်လုံး၊ အင်တိုင်းကြီးကျေးရွာမှ နေအိမ် သုံးလုံး မီးရှို့ခံခဲ့ရပြီး ရှားတောရွာမှ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး၊ အင်တိုင်းကြီးကျေးရွာမှ အသက် ၆၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj

ဇူလိုင်၂၁ ရက်တွင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများ အား ပျူစောထီးရွာ ပျဥ်ထောင်သို့ သယ်ဆောင်သွားခဲ့သည်။

ဇူလိုင်၂၃ ရက်ကလည်း မောင်းကျောက်တောရွာနှင့် ငါးတင်းကြီးရွာ မီးရှို့ ဖျက်ဆီးခံရပြီး ပျက်စီးထိခိုက်မှု မသိရသေးဟု ခင်ဦးသတင်းမှန် ပြန်ကြားရေးက ဆိုသည်။

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj

ထို့အပြင် ဇူလိုင်၂၂ရက် ညနေပိုင်းက မြင်းဒေါင်းရွာအနီးတွင် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်အား ခင်ဦးမြို့နယ်ပကဖအဖွဲ့ကဦးဆောင်၍ KSOအဖွဲ့အပါအဝင် မဟာမိတ်ဒေသခံကာကွယ်ရေးအဖွဲ့များက နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၈ ဦး သေဆုံးသွားကြောင်း KURDAFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook