Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဆင်းရဲကြပ်တည်းအောင် ဆက်လုပ်နေပါက အသေဆိုးနှင့်သေရမည်ဟု စစ်ကောင်စီခန့်အုပ်ကြီးများကို တကောင်း PDF သတိပေး

“ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်”ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(တကောင်းမြို့ပေါ် တစ်နေရာ ။ ။ဓါတ်ပုံ-CJ)
(တကောင်းမြို့ပေါ် တစ်နေရာ ။ ။ဓါတ်ပုံ-CJ)

ပြည်သူများဆင်ရဲကြပ်တည်းအောင် ဆက်လုပ်နေပါက အသေဆိုးနှင့်သေရမည်ဟု စစ်ကောင်စီခန့်အုပ်ကြီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အား တကောင်း PDF က ယနေ့(ဇူလိုင် ၂၄)တွင် သတိ ပေးချက် ထုတ်ပြန်လိုက်သည်။

တကောင်းမြို့ ဖုန်ကုန်းအုပ်စု အင်ပျံကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အင်ပျံရွာပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅,၀၀၀ ကောက်ခံနေပြီး တောင်းသည့်ငွေအားမပေးပါက စစ်တပ်ကိုခေါ်၍ နေအိမ်များဖျက်ဆီးစေမည်ဟု ခြိမ်းခြောက်နေကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီအားပေးလုပ်ဆောင်နေသူများမှာ အင်ပျံကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦးသိန်းထွန်း၊ ဦးတင်မော်၊ ဦးအောင်ညွန့်ဆိုသူများဖြစ်ပြီး ပြည်သူများဆင်းရဲ ကြပ်တည်းမှုကို လက်လျှူရှု့ကာ တစ်ဘို့ထဲကြည့်၍ ယခုလိုဆက်လုပ်နေလျှင် အသေဆိုးနှင့် သေရမည်ဖြစ်ကာ အ သိ၊ သတိရှိစေရန် သတိပေးတားမြစ်သည်ဟု ထုတ်ပြန် သည်။

“ခုသတိပေးစာထုတ်တာကို သူတို့ကြားသိရမှာပါ။ ရှေ့ ဆက်တိုးပြီး မရပ်ရင်တော့ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတဲ့ ပြည်သူတစ်ချို့နဲ့ ဒလန်၊ ပျူအုပ်စုကို လက်တွေ့ပြလုပ်ဆောင်သွားပါမယ်”ဟု တကောင်း PDF မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၏ လုပ်ရပ်များကို ပြည်သူကတိုင်ကြားလာခြင်းကြောင့် သက်ဆိုင် ရာအုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်ပြီး သတိပေးစာအကြိမ်ကြိမ်ထုတ်ခဲ့သော်လည်း ဂရုမပြု အထင်သေးသည့်သဘောဖြင့် ယခုကဲ့သို့လုပ်ဆောင်နေသည့်အပေါ် မလိုက်နာသူကို အရေးယူတော့မည်ဟု သတိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ