Connect with us

Hi, what are you looking for?

News

ကရင်နီဒေသရှိ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို စစ်အုပ်စုကနေ့စဉ်ခြိမ်းခြောက်အန္တရာယ်ပြုနေဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်သည် မြို့ပြင်နှင့် တောရပ်ဒေသများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရှာဖွေရေး အကြောင်းပြပြီးကျေးရွာများအတွင်း ဝင်ရောက်ကာ အိမ်များကို ဖောက်ထွင်း၊ ပစ္စည်းများ အတင်းယူငင်သွားခြင်း၊ ကြက်ဝက်များဖမ်းဆီးသွားခြင်းအပြင် ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့ဟု KNPPက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်နေရာဒေသအနှံ့သို့ အိမ်စောင့် အစိုးရ၏ စစ်တပ်များစေလွှတ်ကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို နေ့စဉ်ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)က ပြည်သူများနှင့် နိုင်ငံတကာလူမှုအသိုင်းအ၀ိုင်း သိရှိနိုင်ရန် ရည်ရွယ်သတင်းထုတ်ပြန် သည်။

အာဏာသိမ်းစစ်ကောင်စီတဖြစ်လဲ အိမ်စောင့် အစိုးရသည် မကြာခင်ကပင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ် သက်ပြီး အကန့်အသတ်ဖြင့် စဉ်ဆက်မပြတ် ထုတ်ပြန်ထားသော်လည်း ယင်းသို့ ထုတ်ပြန်ထားခြင်းကို အခွင့် ကောင်းယူကာ စစ်တပ်များ ကရင်နီဒေသသို့ စေလွှတ်ပြီး ပြည်သူများကို နေ့စဉ်ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဩဂုတ် ၁၂ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်သည် မြို့ပြင်နှင့် တောရပ်ဒေသများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရှာဖွေရေး အကြောင်းပြပြီးကျေးရွာများအတွင်း ဝင်ရောက်ကာ အိမ်များကို ဖောက်ထွင်း၊ ပစ္စည်းများ အတင်းယူငင်သွားခြင်း၊ ကြက်ဝက်များဖမ်းဆီးသွားခြင်းအပြင် ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့ဟု KNPPက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က တောနင်းရှာဖွေနေခြင်းသည် တိုက်ပွဲများရန်မှ တိမ်းရှောင်ပုန်းအောင်းနေသည့်ပြည်သူများနှင့် တောင်ယာခင်း၌ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများအတွက် အသက်အန္တရာယ်လုံခြုံမှုမရှိစေသည့်အပြင် တိုက်ပွဲများလွတ်ကင်းရာသို့ ထပ်မံရှောင်တိမ်းနေရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တောနင်းရှာဖွေခြင်းကြောင့် ဒေသတွင်း လှုပ်ရှားနေသည့် ကရင်နီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရက်ဆက် ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် ပြည်သူလူထုများက တနိုင်တပိုင် ကိုဗစ်ရောဂါကာကွယ်ရေး လုပ်ဆောင်ထားသည့် အစီအမံများ ပြင်ဆင်မှုများကို အာဏာသိမ်းစစ်တပ်များက တားမြစ် ဖျက်ဆီးနေသည်ကိုတွေ့ရကြောင်း KNPPက ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူထုဘ၀ လုံခြုံမှုများအတွက် ကြီးမားသော အတားအဆီးများ ဖြစ်နေသည့်အပြင် ပြည်သူလူထု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်မှုဖြစ်စေခြင်း၊ ပြည်နယ်အတွင်းအငတ်ဘေးနှင့် ထပ်မံဆင့်ပွားရင်ဆိုင်ရမည့် အခြေ အနေသို့ တွန်းပို့ စေခြင်းများ ဖြစ်စေသည့် အတွက် KNPPမှ အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းရှိ လူမှုကူညီစောင့်ရှောက်သည့် အသင်းအဖွဲ့များအပြင် နိုင်ငံတကာ အစိုးရများနှင့် လူမှုအသိုင်းအဝန်းများမှ လူမှုရေးဆိုင်ရာ အကူအညီများ ဆောလျင်စွာ ပိုမိုပံ့ပိုး ကူညီဆောင်ရွက်ပေးရန်နှင့် ကူညီကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNPPသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့်ဒေသခံများ ဖြင့်စုဖွဲ့ထားသော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီ၏ ထိုးစစ်များကိုခုခံကာကွယ် တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့်ကရင်နီတပ်များနှင့် စစ်ကောင်ဏီတပ်များအကြား ဇူလိုင်လနှင့် ဩဂုတ်လတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။