Connect with us

Hi, what are you looking for?

သတင်း

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

​သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

●”ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ”

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးအား သေဒဏ်ပြစ်ဒဏ်စီရင်ပြီးဖြစ်အကြမ်းဖက်စစ်ကောင်စီက ကြေညာသည့် သတင်း မှန်ခဲ့မည်ဆိုပါက သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က အသိပေးလိုက်သည်။

“ သတင်းသာမှန်ခဲ့မယ်ဆိုရင်” ဟု ဗိုလ်ချုပ်ဂွန်မော်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားကာ “ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်” ဆိုသည့် နယူတန်၏ တတိယနိယာမ ကို အင်္ဂလိပ်၊ မြန်မာတို့ဖြင့် ရေးသားထားသည့် စာကို ဖော်ပြခဲ့သည်။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက် မှုရှိသည်ဟု KIO ခေါင်းဆောင်ဗိုလ်ချုပ်ဂွန်မော် အသိပေး

ထို့ပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်း လို့ဘဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေ တောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်စီရင်ပြီးဟု အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်သည့် သတင်းနှင့်အတူ ဖော်ပြခဲ့သည်။

​သေဒဏ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်ဟုစစ်ကောင်စီအလိုကျရေးသားသည့် သတင်းဌာနအချို့ကိုအတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ အပါအဝင် ၄ဦးကို ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုကို ပြည်တွင်း ပြည်ပက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ သတိပေးထားသည့် ကြားမှာ အကြမ်းဖက်စစ်ကောင်စီက ​သေဒဏ်​ပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook