Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

(၂၀၂၂ မေလ ၂၇ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ မေလ ၂၇ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

စစ်ကိုင်းတိုင်း ကောလင်းနှင့် ကန့်ဘလူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်က ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ် အုန်းခြောက်လုံးကျေးရွာအနီးတွင် ကောလင်း PDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ်(ပကဖ)နှင့် ကန့်ဘလူမြို့နယ်(ပကဖ)တို့ ပူးပေါင်း၍ ယနေ့ ညနေ ၄နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ကုက္ကိုယ်ကုန်းရွာကနေ ဆင်းသွားတဲ့စစ်ကြောင်း။ အုန်းခြောက်လုံးရွာမှာ မိုင်းဆွဲခံရတာ။ ခွေး ခုနှစ်ကောင်သေတာ အတည်ပြုနိုင်ပါတယ်”ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ကန့်ဘလူမြို့ခံတစ်ဦးကလည်း ” ဒီနေ့ မိုင်းသံကတော့ အောင်တယ်။ ဟိန်းထွက် သွားတာပဲ။ စစ်ခွေးတွေ အများကြီး ထိတာသေချာတယ်။ဆေးရုံကားတွေ ဆူညံနေတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

Kawlin Revolution သည် ကောလင်းဒေသ လူထုတော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေး နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်ရေးစာ မျက်နှာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။