Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်နှင့် PDFတပ်ပေါင်းစုတိုက်ပွဲဖြစ်

အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးနိုင်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDFတပ်ပေါင်းစုက ထုတ်ပြန်သည်။

(ဒူးထောက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ဒေသခံ)
(ဒူးထောက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ဒေသခံ)

စစ်ကောင်စီတပ်သား ၁၁ဦးခန့်သေဟုဆို၊ စစ်တပ်က ဒေသခံပြည်သူလေးဦးကို သတ်ဖြတ်သွားစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတ​ပ်နှင့် PDF တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၁ဦးခန့် သေဆုံးနိုင်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၉ရက် နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်သည် ဆားလင်းကြီး မြို့နယ်၊ ဒူးထောက်ကျေးရွာသို့ ဝင်ရောက်လာရာ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးနိုင်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDFတပ်ပေါင်းစုက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားအပြီး စစ်ကောင်စီတပ်က ဒူးထောက်ကျေးရွာကို မီးရှို့ပြီး ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်သွားခဲ့ကြောင်း PDF တပ်ပေါင်းစုက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု တာဝန်ရှိသူက “တိုက်ပွဲကရွာထဲမှာဖြစ်တာပါ။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။သူတို့ မီးရှို့တာကတော့ အိမ်ခြေ ၂၀ လောက်ပါ သွားတယ်။”ဟု ပြောသည်။

ထို့နောက် ပြည်သူ့ရဲဘော်များက ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်၍ အသက် (၁၀၆)နှစ်အရွယ် အဘွားအိုနှင့် အခြားသက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ပြည်သူအများအပြားကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်တပ်က မီးရှို့ထားခဲ့သော နေအိမ်များအား ပြန်လည်ငြှိမ်းသတ်ပေး နိုင်ခဲ့ကြောင်း PDF တပ်ပေါင်းစုက ပြောသည်။

တပ်ပေါင်းစုရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။