Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများဆက်ဖြစ်နေ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား သွားလာခြင်း မပြုကြရန် သတိပေး

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် – ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အင်းတော် PDF မှ ရဲဘော်များအား တွေ့ရစဥ်)
(အင်းတော် PDF မှ ရဲဘော်များအား တွေ့ရစဥ်)

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ယနေ့ ဇူလိုင် ၃၁ရက်မှစ၍ အင်းတော် – ဗန်းမောက် ကားလမ်းပိုင်းအား ရက်အကန့်သတ်မရှိ မည်သည့် ယာဥ်မှ အသုံးပြုသွားလာခြင်း မပြုကြရန် သတိပေး ထုတ်ပြန်လိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ထုတ်ပြန်ချက်အပေါ် ပြည်သူများ လိုက်နာပေးကြရန်နှင့် လမ်းပြန်ဖွင့်သည့်အခါ ပြန်လည် အကြောင်း ကြားပေးမည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် – ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၅ဦးထက် မနည်းသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်