Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများဆက်ဖြစ်နေ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား သွားလာခြင်း မပြုကြရန် သတိပေး

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် – ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အင်းတော် PDF မှ ရဲဘော်များအား တွေ့ရစဥ်)
(အင်းတော် PDF မှ ရဲဘော်များအား တွေ့ရစဥ်)

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ယနေ့ ဇူလိုင် ၃၁ရက်မှစ၍ အင်းတော် – ဗန်းမောက် ကားလမ်းပိုင်းအား ရက်အကန့်သတ်မရှိ မည်သည့် ယာဥ်မှ အသုံးပြုသွားလာခြင်း မပြုကြရန် သတိပေး ထုတ်ပြန်လိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ထုတ်ပြန်ချက်အပေါ် ပြည်သူများ လိုက်နာပေးကြရန်နှင့် လမ်းပြန်ဖွင့်သည့်အခါ ပြန်လည် အကြောင်း ကြားပေးမည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် – ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၅ဦးထက် မနည်းသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။