Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ဗျက်ကြီးရွာ ဝိုင်းထားသော ပျူအဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ ပျူ ၁၀ ဦးသေဟုဆို

အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare – KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(Guerrilla Warfare - KPK တပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်)
(Guerrilla Warfare - KPK တပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်)

တန့်ဆည်မြို့နယ် ဗျက်ကြီးကျေးရွာကို ဝိုင်းထားသည့် စစ်ကောင်စီခါးပိုက်တောင်တပ် ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့ (သြဂုတ် ၄)ထုတ်ပြန်သည်။

သြဂုတ် ၃ ရက်နေ့ည ၁၂ နာရီခန့်တွင် ဗျက်ကြီးရွာအားဝိုင်းထားသော ပျူစောထီးအဖွဲ့ကို Guerrilla Warfare – KPK၊ TSR၊ TazeTiger၊ PLA၊ TCRF PLA၊ PRLF၊ တပ်ရင်း (၁၀)၊ တပ်ရင်း (၁၆)၊ တပ်ရင်း (၈)၊ တပ်ရင်း (၆)၊ ပကဖ နှင့် ပလဖ ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဗျက်ကြီးကျေးရွာအနီး ကင်းပုန်းချထားသော ပျူစောထီးများကို ရှာဖွေပစ်ခတ်နေစဥ် ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ စစ်ကူရောက်ရှိလာရာ ယမန်နေ့ည ၁၂ နာရီမှ ယနေ့နံနက် ၁ နာရီခွဲခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၁၀ ဦးသေဆုံးသွားသည်ဟု ဆို သည်။

“ည ၁၂ နာရီအချိန်မှ ဖြစ်ပွားခဲ့သော ၁ နာရီခွဲခန့်တိုက်ပွဲတွင် ပျူခွေး ၁၀ ကောင်သေဆုံးပြီး ယခုမနက်တွင် လှည်းနှစ်စီးဖြင့် လာရောက်အလောင်းကောက်သွားသည်ကို ဒေသခံများမှတဆင့်သိရသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare – KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။