Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့တွင် KTV မှပြန်လာသော G1 ပါ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

(၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အာဏာသိမ်းစစ်ကောင်စီလက်ပါးစေများက အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အာဏာသိမ်းစစ်ကောင်စီလက်ပါးစေများက အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

ပဲခူးမြို့ပေါ်တွင် KTV ဆိုင်မှပြန်လာသော G1 တစ်ဦးလိုက်ပါလာသည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (သြဂုတ် ၉) အသိပေးထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

Public Service Announcement
Public Service Announcement

“ချင်စု အထပ်သားစက်ရုံလမ်းထိပ်နားမှာ (မိုင်း) ပေါက်တာ။ ထိခိုက်သေဆုံး တော့ မသိရဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ရှိ လူကြီးမင်း KTV ဆိုင်သည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ချင်စုအထပ်သားစက်ရုံလမ်းမှာ ၎င်းဆိုင်၏မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။