Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ အရေအတွက်က ၈ ဦးထက်မနည်းထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဆိုးလ်မြို့ရဲ့ နေအိမ်တွေ၊ လမ်းတွေ၊ မြေအောက်ရထား ဘူတာတွေ ရေနစ်ကုန်ပြီး လျှပ်စစ် ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။ ဒါ့အပြင် မြေနိမ့်ပိုင်း ဧရိယာတွေမှာ ပိတ်မိနေသူ ရာဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဆိုးလ်မှာ ဩဂုတ် ၈ ရက်ကစလို့ မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းပြီး အခုလို ရေကြီးတဲ့ အခြေအနေတွေ ကြုံလာရတာပါ။ မြို့တော်ရဲ့ အစိတ်အပိုင်း တချို့မှာ မိုးရေချိန်က ၄၂၂ မီလီမီတာလောက်ထိ များပြားခဲ့ပါတယ်။ အာဏာပိုင်တွေက လက်ရှိ ရေဘေးနဲ့ ပတ်သက်လို့ တတိယအဆင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးလ်မြို့မှာ တစ်နာရီအတွင်း စံချိန်တင် မိုးရွာသွန်းတဲ့ ပမာဏဟာ မိုးရေချိန် ၁၄၁.၅ မီလီမီတာထိ များပြားခဲ့ပါတယ်။ လူမှုကွန်ရက်တွေပေါ် တင်ထားတဲ့ ဓာတ်ပုံတွေမှာလည်း မြို့အနှံ့ ရေဖုံးလွှမ်းပြီး အပျက်အစီးတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ဩဂုတ် ၉ ရက်မှာ ရေပြန်ကျစ ပြုလာပေမယ့် ဘတ်စ်ကားတွေ၊ အိမ်စီးကားတွေက ရေမျောပြီး လမ်းဘေး ပလက်ဖောင်းတွေပေါ် တင်နေသလို လမ်းတွေလည်း ပိတ်နေပါတယ်။ မြို့အာဏာပိုင်တွေက ရေဆင်းစနစ်တွေကို အမြန်ဆုံး ရှင်းလင်းနေပြီး လမ်းနဲ့ မြေအောက် ရထားဘူတာထဲက ရေတွေကို ဖောက်ချပေးနေပါတယ်။ ဩဂုတ် ၉ ရက်ထိတော့ မြေအောက်ရထား ဘူတာ အတော်များများကို ပိတ်ထားရဆဲပါ။

ဟန်မြစ် တောင်ပိုင်းက ဒေသအများစုမှာ ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံး ခံခဲ့ရပြီး လူကုံထံတွေ နေထိုင်ရာ နာမည်ကြီး ဂန်းနမ်းရပ်ကွက်လည်း အပါအဝင် ဖြစ်ပါတယ်။ ရေဘေးကြောင့် ယာယီ ရွှေ့ပြောင်းရသူ ၈၀၀ ကျော်ကို အားကစားရုံတွေ၊ ကျောင်းတွေထဲမှာ ယာယီ နေရာချပေးထားရပါတယ်။ ဆိုးလ်မှာ ရေကြီးတဲ့ဒဏ်ကြောင့် အိမ်နဲ့ စျေးဆိုင် ၇၀၀ ကျော်လောက် တော်တော်ကြီး ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုတွေဆီ စာနာဝမ်းနည်းကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ သမ္မတက သူဟာ ရေကြီးတဲ့ ဧရိယာတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးပြီး နောက်ဆက်တွဲ ထိခိုက်မှုတွေ နည်းနိုင်သမျှ နည်းအောင် စီစဉ် ညွှန်ကြားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး စနစ်တွေကို ပြန်လည် ပြင်ဆင် သုံးသပ်သင့်ပြီလို့လည်း သမ္မတက ထောက်ပြခဲ့ပါတယ်။ တောင်ကိုရီးယား မိုးလေဝသ ဝန်ကြီးဌာနကတော့ ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်တွေမှာလည်း ဆိုးလ်မြို့တော်တဝိုက် မိုးသည်းထန်နိုင်ပြီး တစ်နာရီကို မိုးရေချိန် ၁၀၀ မီလီမီတာ အထက်လောက် ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။