Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် ဖုန်းလိုင်းအချို့ မကြာခဏပြတ်တောက်နေ

အရာတော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးထားသည်။

(အရာတော်နယ်တွင်တွေ့ရသည့် တယ်လီနော(အက်တမ်)၏ တာဝါတိုင် တစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - AyadawPost)
(အရာတော်နယ်တွင်တွေ့ရသည့် တယ်လီနော(အက်တမ်)၏ တာဝါတိုင် တစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - AyadawPost)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် ယမန်နေ့ကစတင်ကာ တယ်လီနော (အက်တမ်) ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ်၈ရက်)မှစတင်ကာ အက်တမ်ဖုန်းလိုင်း ပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး MPTဖုန်းလိုင်းလည်း ရံဖန်ရံခါ အဝင်မရခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ပြသည်။

အရာတော်နှင့်နယ်မြေချင်းဆက်နေသည့် ဒီပဲယင်းမြို့နယ်တွင်မူ အက်တမ် ဖုန်းလိုင်းအပါအဝင် ဖုန်းလိုင်းများလက်ရှိအချိန်ထိ ရနေဆဲဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အရာတော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးထားသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းရှိမြို့နယ်များသည် ယမန်နှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းက မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံ ထားရပြီး ရံဖန်ရံခါ ဖုန်းလိုင်းပြတ်တောက်မှုများပါ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

သတင်း

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျောင်းသားလူငယ်များက ဦးဆောင်၍ ယနေ့ (ဖေဖော် ဝါရီ ၁၃)ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ (၁၁၀)နှစ်ပြည့် မွေးနေ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားအား ကျွေးမွေးသည့် လှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၁၃) ပြုလုပ်ခဲ့သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။