Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်း သွားလာခြင်းမပြုရန် KNDF သတိပေး

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာ ခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄ က ယနေ့(သြဂုတ် ၁၀ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ် လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များမှ တပ်ပြင်ပသွားလာလှုပ်ရှားမှုများရှိနေ၍ ထိတွေ့မှုများရှိနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု အသိပေးသည်။

“မနေ့က ကတည်းက စစ်ကောင်စီတပ် နဲ့ KA (ကရင်နီတပ်မတော်) KNDFတို့ ပူးပေါင်းပြီး အဲဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်သေးတယ်။ စင့်ဝံတောင် အနီးမှာဖြစ်တာ။စကစ ရဲ့ စစ်ရေးအရှိန်က ဘက်ပေါင်းစုံ မြှင့်လာနေပြီလို့ ပြောလို့ရတယ်”ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ် က People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေ သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။