Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်း သွားလာခြင်းမပြုရန် KNDF သတိပေး

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာ ခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄ က ယနေ့(သြဂုတ် ၁၀ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ် လွိုင်ကော် – ရှားတော လမ်းမကြီးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များမှ တပ်ပြင်ပသွားလာလှုပ်ရှားမှုများရှိနေ၍ ထိတွေ့မှုများရှိနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု အသိပေးသည်။

“ မနေ့က ကတည်းက စစ်ကောင်စီတပ် နဲ့ KA (ကရင်နီတပ်မတော်) KNDFတို့ ပူးပေါင်းပြီး အဲဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်သေးတယ်။ စင့်ဝံတောင် အနီးမှာဖြစ်တာ။စကစ ရဲ့ စစ်ရေးအရှိန်က ဘက်ပေါင်းစုံ မြှင့်လာနေပြီလို့ ပြောလို့ရတယ်” ဟု ကရင်နီဒေသစစ်ရေးသတင်းရင်းမြစ် က People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လိုက်နာခြင်းမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း KNDF တပ်ရင်း – ၁၄ က သတိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်၌ နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ကောင်စီတပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေ သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းပြည်သူလူထုအပေါ် အကြမ်းဖက်မှုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာစက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

သေဆုံးရာတွင်စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ဦး၊ ကျောင်းဆရာတဦးပါဝင်