Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ KNLA ထိတွေ့ပစ်ခတ်မှုလေးကြိမ်မှာ စစ်တပ်ဘက်က ၁၂ ဦးသေဆုံးတယ်လို့ ဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် မူး(မုန်း)မြို့နယ်ထဲမှာဖြစ်ပွားခဲ့တာပါ။

စစ်တပ်နဲ့ KNLA ထိတွေ့ပစ်ခတ်မှုလေးကြိမ်မှာ စစ်တပ်ဘက်က ၁၂ ဦးသေဆုံးတယ်လို့ ဆို
စစ်တပ်နဲ့ KNLA ထိတွေ့ပစ်ခတ်မှုလေးကြိမ်မှာ စစ်တပ်ဘက်က ၁၂ ဦးသေဆုံးတယ်လို့ ဆို

မုန်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထိတွေ့ပစ်ခတ်မှုလေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အရာခံဗိုလ်တစ်ဦးအပါအဝင် (၁၂)ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် မူး(မုန်း)မြို့နယ်ထဲမှာဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်(၁၀)ရက် မနက်(၉)နာရီအချိန်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်အတွင်းရှိ တယ်ပေါနဲ့ ကရင်မြက်ရဲကျေးရွာအကြားမှာ KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီနောက် မနက်(၁၀)နာရီ (၁၀)မိနစ်အချိန်မှာတော့ တယ်ပေါနဲ့ ကရင်မြက်ရဲကျေးရွာအကြားမှာပဲ နောက်ထပ်တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိတွေ့ပစ်ခတ်မှုနှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းကို အတည်ပြုလို့မရသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီတိုက်ပွဲမှာ KNLA တပ်ရင်း(၈)ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ကေအဲန်ယူကဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်(၆)ရက်နေ့ ညနေလေးနာရီကျော်အချိန်မှာ KNLA တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့အကြား ကြိုးပင်ဆိပ်စစ်ကောင်စီစခန်းမှာ ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသလို ဩဂုတ်(၅)ရက်နေ့ ညနေလေးနာရီကျော်အချိန်ခန့်မှာလည်း ငှက်ပျော်တောကျေးရွာအနီးမှာလည်း ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။