Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မြောက်ဒဂုံ (၄၂) ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးရုံး ဗုံးခွဲတိုက်ခိုက်

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

မြောက်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မြောက်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army – YFA က သြဂုတ် ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

သြဂုတ် ၁၀ရက် နေ့လယ် ၃ နာရီခန့်က မြောက်ဒဂုံ (၄၂)ရပ်ကွက် သခင်အုန်းဖေကြီးလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်းကိစ္စအပါအဝင် ပြည်သူအပေါ် မတရားငွေကြေးကောက်ခံနေကြောင်း တိုင်ကြားလာတဲ့အပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ရန်ကုန် ပြည်သူများ အတွက် ကျွန်တော်တို့ Yangon Federal Army အနေဖြင့် အမြဲတည်ရှိနေပါတယ်”ဟု YFA က အသိပေးသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ‘နန်းထိုက်အောင်စစ်ဆင်ရေး’ကို ပုံစံမျိုးစုံဖြင့် ပုံဖော်လှုပ်ရှားလျှက်ရှိရာ ယမန်နေ့(သြဂုတ် ၁၁)ကလည်း ရွှေပြည်သူမြို့နယ် (၇)ရပ်ကွက်နှင့် (၉) ရပ်ကွက်တို့တွင် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်