Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံတွင် တာဝါတိုင်ကင်းပတ်လာသည့်စစ်အုပ်စု ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သားခြောက်ဦး ပွဲချင်းပြီး တုံးလုံးပက်လက်ဖြစ်နေကြောင်း ကိုယ်တိုင်ဖောက်ခွဲခဲ့သော ရဲဘော်များက အတည်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။

ပုဂံ၊ညောင်ဦးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ပုဂံ၊ညောင်ဦးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံမြို့တွင် တာဝါတိုင်ကင်းပတ်လာသည့် အကြမ်းဖက်စစ်အုပ်စု အား ရက်တစ်ပတ်ကြာ ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ် -NYSGFက သတင်းထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၁ရက်) ည ၉ နာရီခန့်တွင် ဆီမီးခုံမြို့ စာသင်ကျောင်းထဲတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတ​ပ်သားများသည် မြို့အရှေ့ဘက်ရှိ တာဝါတိုင်အား ကင်းပတ်ရန် ဆိုင်ကယ်လေးစီးဖြင့် ထွက်လာခဲ့သည်။

ထွက်လာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်း ၅လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်သုံးစီး လွင့်စင်ထွက်သွားပြီး ပြန်ထမလာတော့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်က ဆိုသည်။

စစ်ကောင်စီတပ်သားခြောက်ဦး ပွဲချင်းပြီး တုံးလုံးပက်လက်ဖြစ်နေကြောင်း ကိုယ်တိုင်ဖောက်ခွဲခဲ့သော ရဲဘော်များက အတည်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတ​ပ်များသည် မြို့အရှေ့ဘက်ရှိ တာဝါတိုင်အား ဆိုင်ကယ် များဖြင့် ကင်းပတ်ထွက်တတ်ကြောင်း စုံစမ်းသိရှိရ၍ မိုင်းဆင်ပြီး တစ်ပတ် တိတိစောင့်ဆိုင်းခဲ့ကြောင်း နောင်ရိုးအထူး ပြောက်ကျားတပ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

“လက်ကျန် တစ်စီးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ငိုသံပါအောင် အော်ဟစ် ၍ ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့ပါသည်”ဟု ဆိုသည်။

ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆)တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF၊ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM ၊ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း-M2W စသည့် မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နောင်ရိုးအထူးပြောက်ကျားတပ်အဖွဲ့ထံ ဆက်သွယ်မေး မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေ နှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်ကလည်း ငါန်းဇွန်-ငါန်းမြာလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်း ၁၄ စီးအား မတ်တူးကားဖြင့် သွားကြိုသည့် စစ်ကောင်စီအဖွဲ့အား ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူး ပြောက်ကျား တပ်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။