Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်း ၁၃၀ ခန့်ကို အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ စစ်ကောင်စီတိတ်တဆိတ်ပြောင်းရွှေ့

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း သာယာဝတီထောင်ကို သြဂုတ်လ ၇ ရက်က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်
အင်းစိန်ထောင်

အင်းစိန်ထောင်မှာဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ နီးပါးကို မိသားစုဝင်တွေ ထံအသိမပေးဘဲ သာယာဝတီထောင်ဆီ စစ်ကောင်စီက သြဂုတ်လ၇ ရက်က ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

ဒီလိုထောင်ပြောင်းလိုက်တာကို သက်ဆိုင်ရာမိသားစုဝင်တွေဆီ အကြောင်းကြားတာမျိုးမလုပ်ဘဲ စစ်ကောင်စီက တိတ်တဆိတ် ပြုလုပ်ခဲ့တာပါ။

သာယာဝတီထောင်ကိုပြောင်းရွှေ့ခံရသူတွေထဲ ကျောင်းသားတွေလည်းပါတယ်လို့သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း သာယာဝတီထောင်ကို သြဂုတ်လ ၇ ရက်က ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာမိသားစုတွေကို အကြောင်းမကြားဘဲ ရုတ်တရက် ထောင်ပြောင်းရွှေ့တာဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့စိတ်ဓာတ်ပျက်ပြားစေဖို့ ရည်ရွယ်တဲ့ မတရားဖိနှိပ်မှုတွေထဲက လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆိုထားပါတယ်။

ဒါအပြင် ထောင်တွင်းလှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်ဖို့ကြံစည်တဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ သုံးသပ်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

Facebook