Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

(ဗန်းမောက်မြို့တွင် ဌာနပေါင်းစုံပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - CJ)
(ဗန်းမောက်မြို့တွင် ဌာနပေါင်းစုံပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဩဂုတ် ၁၂ရက်က ဗန်းမောက်နယ် ဒယူးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဩဂုတ် ၁၃ရက်)တွင် ဗန်းမောက်မြို့အဝင် နတ်ကြီးကုန်းရွာ၌ တိုက်ပွဲဖြစ်ခဲ့ သည်ဟု ဆိုသည်။

နှစ်ဖက်ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့တွင် အင်အားအများအပြားဖြင့် ကင်းပုန်းတ်ခြင်း၊ ကားဆိုင်ကယ် များကို စစ်ဆေးခြင်း၊ မြို့အနီး ကျွန်းတော်ပေါ်တွင် တပ်စွဲထားခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ်တွင် ယခင်လနှင့် ယခုလအတွင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး PDFများ နှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ခိုက် လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။