Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့်ပျူစစ်ကြောင်းအား ပေါက်နှင့်မြိုင် PDF အဖွဲ့များ ပူးပေါင်း တိုက်ခိုက်

အဆိုပါဖြစ်စဥ်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်ဒေသခံ ကာကွယ်ရေးအဖွဲ့ များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

(ပေါက်နယ်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)
(ပေါက်နယ်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ပေါက်နှင့်မြိုင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၁၄ရက်) ညနေ ၄ နာရီ ၅၀မိနစ်ခန့်က မြိုင်နယ်တောင်ပိုင်းအား စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ပေါက်မြို့နယ်၊ ကန်သစ်ရွာနှင့် ထန်းပေါက်ကုန်း ရွာကြားတွင် မိုင်း ၁၁လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့်ပျူ လေးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင် (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါဖြစ်စဥ်တွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်ဒေသခံ ကာကွယ်ရေးအဖွဲ့ များဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုင်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၂ရက် နံနက်ပိုင်းက ပေါက်မြို့နယ်၊ ရှားစေး ချက်ရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။