Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့တိုက်ပွဲ ရဲမှူးအပါအဝင် ၁၂ဦး သေ၊ လက်နက် ၆လက်ရဟု KNU ထုတ်ပြန်

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၁၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကော့ကရိတ်တိုက်ပွဲမှာ ခရိုင်ရဲမှုးသေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်း
ကော့ကရိတ်တိုက်ပွဲမှာ ခရိုင်ရဲမှုးသေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်း

ဥပဒေအရာရှိ အပါအဝင် နှစ်ဦး အရှင်ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ပေါ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး၊ လက်နက် ၆ လက်နှင့် တရားဥပဒေ အရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၁၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လူနေကျေးရွားများသို လက်နက်ကြီးများဖြင့် အချက် ၅၀ ထက်မနည်းပစ်ခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။