Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အရပ်ဝတ် ဖြင့် ရဲများလိုက်ပါသည့်ယာဥ်ကို ပစ်ခတ်တိုက်ခိုက်၊ ရဲနှစ် ဦးသေဟုဆို

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကို လာရောက်ဝိုင်းဝန်းပိတ်ဆို့နေသော ရဲများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကို လာရောက်ဝိုင်းဝန်းပိတ်ဆို့နေသော ရဲများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်ဝတ်နှင့်လာသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)တို့မှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့(သြဂုတ် ၁၅)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းတစ်နေရာတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်သားအသွင်ယူ၍ သတင်းထောက်လှန်းရန်ထွက်လာသော စစ်ကောင်စီလက်အောက်ခံရဲများကို ၅မိနစ်ကြာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော KNLA ၊ KRF ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

KRF အနေဖြင့် အာဏာရှင်စနစ်အားအမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြာ်သူ့အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ် ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook