Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အရပ်ဝတ် ဖြင့် ရဲများလိုက်ပါသည့်ယာဥ်ကို ပစ်ခတ်တိုက်ခိုက်၊ ရဲနှစ် ဦးသေဟုဆို

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကို လာရောက်ဝိုင်းဝန်းပိတ်ဆို့နေသော ရဲများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကို လာရောက်ဝိုင်းဝန်းပိတ်ဆို့နေသော ရဲများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်ဝတ်နှင့်လာသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)တို့မှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့(သြဂုတ် ၁၅)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းတစ်နေရာတွင် အိမ်စီးကားတစ်စီးဖြင့် အရပ်သားအသွင်ယူ၍ သတင်းထောက်လှန်းရန်ထွက်လာသော စစ်ကောင်စီလက်အောက်ခံရဲများကို ၅မိနစ်ကြာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော KNLA ၊ KRF ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

KRF အနေဖြင့် အာဏာရှင်စနစ်အားအမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြာ်သူ့အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ် ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။