Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ကုလအထူးသံတမန် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လတာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

Photo − UN Myanmar
Photo − UN Myanmar

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို တနင်္လာနေ့ (သြဂုတ်၁၅) မှာလာရောက်ခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနကရေးသားဖော်ပြပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး ၁၀ လတာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာလည်းဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ခွင့်ပြုဖို့ ကုလ လုံခြုံရေးကောင်စီကတောင်းဆိုပြီးနောက် ဒီခရီးစဉ်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။

မစ္စနိုလင်းဟေဇာလာရောက်တဲ့ တနလာၤနေ့မှာပဲ အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ်ထပ်ချလိုက်ပါသေးတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူနိုင်ငံသူ ကုလ ဝါရင့်သံတမန် မစ္စနိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းခန့်အပ်ခဲ့တာပါ။

အထူးသံအဖြစ်ခန့်အပ်ပြီးနောက် မြန်မာနိုင်ငံကိုလာရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့မေလကုန်ပိုင်းကတော့ ဆွတ်ဇာလန်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ အာဆီယံ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့တွေ့ဆုံချိန် မစ္စနိုလင်းဟေဇာဟာ စစ်ကောင်စီခေါင်းဆောင်က ဖိတ်ထားတဲ့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိကြောင်း ပြောဆိုခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခု ခရီးစဉ်အတွင်းနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရ မရ ကိုလည်း သတင်းတွေထွက်ပေါ်လာတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။