Connect with us

Hi, what are you looking for?

သတင်း

မွန်နှင့် တနင်္သာရီတွင် မိုးကြီး၊ မော်လမြိုင်မြို့ မြေနိမ့်ရပ်ကွက်အချို့ ရေဘေးကြုံတွေ့နေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးဌာနက ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို သတိပေးထားသည်။

မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းနေပြီး မော်လမြိုင် မြို့ မြေနိမ့်ရပ်ကွက်အချို့ ရေဘေးကြုံတွေ့နေသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ပုံမှန်ထက် မိုးကောင်းနေသည်။ မော်လမြိုင်မြို့မှ ရွှေပြည်စိုးရပ်ကွက်တွင် မြေနိမ့်ပိုင်းနေရာများ ရေကြီးနစ်မြုပ်နေ၍ ဒေသခံအချို့ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ သွားရောက်နေထိုင်ကြရသည်။

လက်ရှိကာလတွင် ထိုင်းနိုင်ငံဘက်မှ ဖြတ်ကျော်ဝင်ရောက်လာသည့် အရှေ့လေပွေလှိုင်း တစ်ခုကြောင့် မွန်ပြည်နယ်အပါအဝင် ကမ်းရိုးတန်းဒေသများ မိုးဆက်ကောင်းနိုင်ကြောင်း မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်သော ECMWF တွင် ဖော်ပြထားသည်။

မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
မော်လမြိုင်မြို့ ရပ်ကွက်အချို့ ယနေ့ညနေပိုင်းက ရေကြီးနစ်မြုပ်သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးဌာနက ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို သတိပေးထားသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လလယ်ကာလတွင် မုတ်သုံလေအားကောင်းစေမည့် လက္ခဏာဖြစ်သော မုတ်သုံမုန်တိုင်းငယ်တစ်ခု အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်သို့ ရွေ့လျား အဆုံးသတ်နိုင်ခြင်း၊ နောက်ထပ် မုတ်သုံလေဖိအားနည်းဆဲလ်တစ်ခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ထပ်မံဖြစ်ပေါ်လာ နိုင်ခြင်း၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင်မိုးသည်းထန်နိုင်ကြောင်း သတိပေးထားသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးရေလျှံပြီး ရေကြီးမြေပြိုဘေးကြုံတွေ့နိုင်သည်ဟုလည်း သတိပေးသည်။ ထို့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်များတွင် မြစ်ရေများ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

Facebook