Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်ရှိ လမ်းပိုင်းလေးခု ဖြတ်သန်းခွင့်ယာယီပိတ်

တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေပြီး ယမန်နေ့က ကံပေါက်ရွာနှင့် ကိုးတောင်ဘို့ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီး သွားခဲ့သည်။

တန့်ဆည်ရှိ လမ်းပိုင်းလေးခု ဖြတ်သန်းခွင့်ယာယီပိတ်
တန့်ဆည်ရှိ လမ်းပိုင်းလေးခု ဖြတ်သန်းခွင့်ယာယီပိတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ လမ်းပိုင်း​လေးခုအား ယနေ့နံနက်ပိုင်း မှစတင်ကာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ဒေသတွင်း PDFအဖွဲ့က ထုတ်ပြန်ကြေညာ သည်။

တန့်ဆည်-လမ်းဆုံ-ကံထူးမ လမ်းပိုင်း၊ တန့်ဆည် – ကာဘိုး လမ်းပိုင်း၊ တန့်ဆည် – ရေဦး လမ်းပိုင်းနှင့် တန့်ဆည် – လမ်းဆုံ – အင်္ကုက္ကားလမ်းပိုင်း၊ စသည့် လမ်းပိုင်းအားလုံး ယာယီ ပိတ်ထား လိုက်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့(သြဂုတ် ၁၈ရက်)နံနက်တွင် အသိပေးကြေညာသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် လမ်းမပေါ်တွင် ရှိနေသောကြောင့် ခရီးသွား ပြည်သူများ အချိန်မရွေး အန္တရာယ် ကျရောက်နိုင်ကြောင်း၊ ထို့ကြောင့် တစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်မ​ခြင်း အဆိုပါ လမ်းပိုင်းများအား အသုံးမပြုကြရန် ‌ဒေသတွင်းအဖွဲ့များက အသိပေးသည်။

မလိုက်နာ၍ အကြောင်းတစ်စုံတစ်ရာဖြစ်ခဲ့လျှင် ကာကွယ်ရေးအဖွဲ့များက တာဝန်ယူမည် မဟုတ်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေပြီး ယမန်နေ့က ကံပေါက်ရွာနှင့် ကိုးတောင်ဘို့ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီး သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုအချို့ရှိ​နေပြီး စစ်အုပ်စုထိခိုက်မှုများရှိခဲ့သည်။

သတင်း

ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

သတင်း

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။