Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်ဒေသကို ယမန်နေ့ညက စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကော်ဘရာစစ်သည်တော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း
စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကော်ဘရာစစ်သည်တော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း

▪️မြဝတီ သုံးထပ်ကွေ့သို့ ထိုးစစ်ဆင်ဝင်ရောက်ရာ ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညတုန်းက လေယာဉ်က လေးကေ့ကော်မှာ ပစ်တယ် ကွ။ ည ၁၁နာရီ ကျော်ကျော်လေးမှာ။ အထိအခိုက် တော့ မသိရဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ လေကြောင်းမှ တိုက်ခိုက်ပြီးနောက် နံနက်အစော ၃နာရီခန့်တွင် မြ၀တီမြို့နယ် သုံးထပ်ကွေ့ အနီးသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ကရင်ဒေသခံက ပြောသည်။

“သုံးထပ်ကွေ့လမ်း အဲဒီမှာ စစ်ကြောင်းထိုးလာတယ် ကော်ဘရာ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ကြောင်းက ထိခိုက်နစ်နာမှုတွေများတော့ ပြန်ဆုတ်သွားတယ်။ လေယာဉ်နဲ့လာခြိမ်းခြောက်တယ်။ တစ်ဖက်ကလည်း စစ်ကြောင်းက မြေပြင်မှာ ထိုးတယ်။ အဲဒီမှာ ကော်ဘရာ စစ်ကြောင်းနဲ့ တိုးသွားတာပေါ့”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုဆက်လုပ်ပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။