Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်လမ်းမပေါ်တွင် မင်းအောင်လှိုင်ပုံတူအရုပ်ချ ဆန္ဒပြ၍ စစ်ကောင်စီက လမ်းများပိတ်

လက်ရှိတွင် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ - Yangon Drone

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အင်းစိန်လမ်းမကြီး အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံစံတူ အရုပ်ချထားပြီး ဆန္ဒပြခဲ့၍ စစ်ကောင်စီက လမ်းများပိတ်ထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခွဲကျော်တွင် အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့် မီးပွိုင့်အလယ်တွင် မင်းအောင်လှိုင် ပုံတူ အရုပ်အား စစ်ဝတ်စုံဖြင့် ချထားပြီး တာယာကွင်းများ မီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ‌‌ပြောသည်။

ထို့နောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ အင်းစိန်လမ်းမကြီးအား စစ်ကားများဖြင့် လမ်းများပိတ်ဆို့၍ အိမ်စီးကားများ၊ လိုင်းကားများအား အဝင်မခံဘဲ စစ်ဆေးနေကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ – Yangon Drone

“အောင်သိဒ္ဓိလမ်း မီးပွိုင့်နားမှာ ဆန္ဒပြသွားလို့ ဆိုပြီး စစ်တပ်က လမ်းတွေပိတ်ထားတယ်။ ကားတွေကို ပေးမသွားဘူး ပြန်လှည့်ခိုင်းတယ်။ လိုင်းကားတွေတောင် အင်းစိန်လမ်းကို ပေးမဖြတ်ဘူး။ သမိုင်းဗဟိုလမ်းပေါ်ကနေ သွားနေရတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အင်းစိန်လမ်းမ ဦးရေခဲလမ်းထိပ်မှာ ဖြတ်သွားသမျှ ပြည်သူတွေကို လိုက်စစ်နေတယ်။ စက်ဘီးနဲ့ သူတွေကိုရော ရပ်ခိုင်းပြီး ဖုန်းတွေပါ စစ်ဆေးနေတာတွေ့ရတယ် “ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မတရားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသော်လည်း လူငယ်များက နည်းလမ်းမျိုးစုံဖြင့် နေ့စဥ်မပြတ် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။