Connect with us

Hi, what are you looking for?

သတင်း

ဘုရားကုန်းတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးသူ မြောက်များစွာရှိဟု ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ တပ်များ ထပ်မံ၍ (မြောက်မြားစွာ) သေကြ၊ ထိခိုက်လျက်ရှိသော်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အရေအတွက် အတိအကျအား စိစစ်ဆဲ ဖြစ်သည်ဟုဆိုသည်။

စစ်သုံ့ပန်းနှစ်ဦးနှင့် ​ကော်ဘရာစစ်​ကြောင်းမှစစ်​ကြောင်းမှုးအပါအဝင် တပ်ဖွဲ့ဝင်များ
စစ်သုံ့ပန်းနှစ်ဦးနှင့် ​ကော်ဘရာစစ်​ကြောင်းမှစစ်​ကြောင်းမှုးအပါအဝင် တပ်ဖွဲ့ဝင်များ

●စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

●အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၊ ညပိုင်းထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ကရင်အမျိုးသာအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း ဘုရားကုန်း၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က မြောက်များစွာ သေဆုံးထိခိုက်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ ရက် နံနက် အစော ၃နာရီခွဲခန့်တွင် ထိုးစစ်ဆင်လာရာ ကော်ဘရာ စစ်သည်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မြေမြင် သတင်းအတည်ပြုချက်အရ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်ဟု ဖော်ပြထားသည်။

ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း (၂) ဦးအား အရှင် ဖမ်းဆီး ရမိပြီး MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀)တောင့်၊ ကျည်ဘောက် (၇)ခု၊ ၄၀ မမ ဗုံးသီး(၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

အရှင် ဖမ်းဆီး ရမိသော စစ်ကောင်စီ တပ်သား (၂)ဦးမှာ ဒုတပ်ကြပ် ထင်ကျော် နှင့် တပ်သားမင်းသူတို့ ဖြစ်ပြီး ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်းဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မနက် ၈နာရီခန့်တွင် ထပ်မံ၍ အင်အားတိုးချဲ့ စုဖွဲ့ပြင်ဆင်ပြီး စစ်မျက်နှာ လေးခုထက်မနည်းဖွင့်ကာ ထိုးစစ်ကို ပြန်လည် စတင်လာ၍ တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်းတစ်နေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခု ည ၇နာရီ အချိန်ထိ တိုက်ပွဲ ဆက်ဖြစ်နေကြောင်းဖော်ပြထားသည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ

ယနေ့ တိုက်ပွဲ၌ ကော်ဘရာ စစ်ကြောင်းမှ စစ်သည် ၃ဦး ဒဏ်ရာရခဲ့သော်လည်း မည်သည့်နေရာမျှ လက်လွတ်ဆုံးရှုံးခဲ့ခြင်းမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ စစ်သုံးယာဉ် အချို့၊ လက်နက်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။

စစ်သုံ့ပန်းနှစ်ဦး
စစ်သုံ့ပန်းနှစ်ဦး

အကြမ်းဖက် စစ်ကောင်စီ တပ်များ ထပ်မံ၍ (မြောက်မြားစွာ) သေကြ၊ ထိခိုက်လျက်ရှိသော်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အရေအတွက် အတိအကျအား စိစစ်ဆဲ ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ည၁၂နာရီခန့်တွင် မြဝတီ – ဝေါ်လေ ကားလမ်းမအနီး လေကြောင်းမှ ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ယနေ့ တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် နံနက် ၁၀နာရီ တွင်တစ်ကြိမ်၊ မွန်းလွဲ ၃နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ရာနေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦးတစ်လုံး ပျက်စီးခဲ့ရသော်လည်း ကော်ဘရာ စစ်သည်များ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးကင်းခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။