Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး ဒေသခံတွေ အကူအညီတွေလိုနေ

ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နဲ့ တိုက်ပွဲများဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေထိုင်တဲ့နေရာထဲကို ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ပြည်သူလူထုတွေက နေထိုင်ရာကျေးရွာအိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

KNU
KNU

ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေဟာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး ဒေသခံတွေမှာ ဘေးလွတ်ရာတိမ်းရှောင်နေရတာပါ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ(၁)၊ တောအူးခရိုင် တပ်မဟာ(၂)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)၊ မူတြော်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တို့က စစ်ရေးလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ဆောင်လာနေလို့ ကေအဲန်ယူလက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။

စစ်ကောင်စီတပ်က အထိနာနေတဲ့ရင်ဆိုင်တိုက်ပွဲတွေမှာ ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေ၊ ပုန်းခိုလျက်ရှိတဲ့နေရာတွေထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို စစ်ကောင်စီက အမြဲတစေပြုလုပ်လေ့ရှိပြီး အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးနှိပ်စက်တာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေလည်း အများအပြားပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်းဆီးတာ၊ ပြည်သူလူထုပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာတွေလည်း ပြုလုပ်လျက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်သတ်တာတွေကြောင့် အရပ်သားပြည်သူတွေအများအပြား သေဆုံးခဲ့ရတယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နဲ့ တိုက်ပွဲများဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေထိုင်တဲ့နေရာထဲကို ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ပြည်သူလူထုတွေက နေထိုင်ရာကျေးရွာအိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

ကေအဲန်ယူ-ဒူးသထူးခရိုင် တပ်မဟာ(၁) နဲ့ ခလယ်လွီထူခရိုင် တပ်မဟာ(၃)တို့မှာ စစ်ဘေးရှောင်ပြည်သူ အများဆုံးထွက်ပြေးတိမ်းရှောင်နေရတဲ့ ခရိုင်တွေဖြစ်ကြပြီး အဆိုပါခရိုင်နှစ်ခုအတွင်း စစ်ရှောင်ဦးရေ(၁၅၄၈၆၆)ဦးရှိကာ အခြားခရိုင်အတွင်းရှိ စစ်ဘေးရှောင်အရေအတွက်ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးလိုအပ်ချက်တွေကို သက်ဆိုင်ရာ ခရိုင်တပ်မဟာအတွင်းက တာဝန်ရှိခေါင်းဆောင်တွေ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးစီစဉ်ဆောင်ရွက်ထားပေမယ့် စစ်ရှောင်ဦးရေ အများအပြားတိုးများလာတာတွေကြောင့် လိုအပ်ချက်တွေလည်း ပိုမိုမြင့်မားလာတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အမိုးအကာအများအပြားလိုအပ်လျက်ရှိနေပြီး ကူညီပေးလိုတဲ့ လူပုဂ္ဂိုလ်နဲ့ ဘယ်အဖွဲ့အစည်းမဆို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လက်ကမ်းကြိုဆိုလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။