Connect with us

Hi, what are you looking for?

သတင်း

PDF ကို ထောက်ပံ့တယ်ဆိုပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကိုဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီချိတ်ပိတ်

ကိုကျော်သူရကို သြဂုတ်လ ၁၇ ရက်က မန္တလေး ချမ်းအေးသာစံမြို့နယ်ကနေအိမ်မှာဖမ်းမိတာလို့ စစ်ကောင်စီက ဒီနေ့မှာသတင်းထုတ်လာပါတယ်။

PDF ကို ထောက်ပံ့တယ်ဆိုပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကိုဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီချိတ်ပိတ်
PDF ကို ထောက်ပံ့တယ်ဆိုပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကိုဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီချိတ်ပိတ်

PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးကျောက်လောကမှာ လူသိများတဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကိုကျော်သူရ ကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက သိမ်းဆည်းလိုက်ပါတယ်။

ကိုကျော်သူရကို သြဂုတ်လ ၁၇ ရက်က မန္တလေး ချမ်းအေးသာစံမြို့နယ်ကနေအိမ်မှာဖမ်းမိတာလို့ စစ်ကောင်စီက ဒီနေ့မှာသတင်းထုတ်လာပါတယ်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီဟာ NUG ၊ PDF နဲ့ CDM တွေအတွက် ကျပ် သိန်း ၆ ထောင်ကျော် ၊ အမေရိကန်ဒေါ်လာ ၁ သောင်း ၊ ယွမ်ငွေ ၂သောင်းနီးပါး နဲ့ ကားတစ်စီးကို ထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

ဒါကြောင့် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ရဲ့ နေအိမ် ၊ ကုမ္ပဏီရုံးခန်း ၊ကုမ္ပဏီအဆောက်အဦး ၊ ဖားကန့်က ကျောက်မျက်လုပ်ကွက်တွေ ၊ ကျောက်စိမ်းတွေ ၊ စက်ယန္တယားတွေကို သိမ်းဆည်းလိုက်တယ်လို့ စစ်ကောင်စီက သတင်းဖြန့်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို သိမ်းဆည်းလိုက်တဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းဟာ ကျပ်သိန်းပေါင်း ၁၁၈၄၄၉ ခန့်ရှိတယ်လို့ စစ်ကောင်ဏီက သတင်းထုတ်ပါတယ်။

စစ်ကောင်စီရဲ့သတင်းဖြန့်ချက်ထဲမှာ ကုမ္ပဏီပိုင်ရှင် နဲ့ ယာဉ်မောင်းကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။