Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်အနီး ယနေ့နံနက် ပေါက်ကွဲမှုလေးကြိမ်ဖြစ်

ယနေ့(သြဂုတ် ၂၂)နံနက် ၃ နာရီ ၂၀ဝန်းကျင်မှစ၍ ပေါက်ကွဲမှုလေးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အင်းစိန်အကျဉ်းထောင်နှင့် ယင်းထောင်ဝန်ထမ်းများ အထိအခိုက်ရှိ၊မရှိကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

(အင်းစိန်အကျဉ်းထောင်ရှေ့တစ်နေရာတွင် တွေ့ရစဉ်၊ဓာတ်ပုံ - လူထုနွေဦး)
(အင်းစိန်အကျဉ်းထောင်ရှေ့တစ်နေရာတွင် တွေ့ရစဉ်၊ဓာတ်ပုံ - လူထုနွေဦး)

နာမည်ဆိုးဖြင့်ကျော်ကြားသော ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်အနီးတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၂၂)နံနက် ၃ နာရီ ၂၀ဝန်းကျင်မှစ၍ ပေါက်ကွဲမှုလေးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အင်းစိန်အကျဉ်းထောင်နှင့် ယင်းထောင်ဝန်ထမ်းများ အထိအခိုက်ရှိ၊မရှိကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အနီးတွင် ယနေ့ (ဩဂုတ် ၂၂ ရက်) နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် အလွန် ပြင်းထန်ကျယ်လောင်သော ဗုံးလေးလုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

အလားတူ အင်းစိန်ထောင်နှင့်သိပ်မဝေးလှသည့် ပေါက်တောဝအနီးတွင်လည်း ပေါက်ကွဲသံနှစ်ကြိမ်ကြားရပြီး မည်သည့်နေရာတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ကို အတိအကျမသိရသေးပေ။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းကလည်း ရန်ကုန်အရှေ့ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ အလုံအပါအဝင်မြို့နယ်အများအပြားတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကာ အရှေ့ဒဂုံမြို့နယ်ရှိ EPC ရုံးအား HRD နှင့် WOH မြို့ပြပျောက်ကျားတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။