Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင်ဆန္ဒပြလူငယ်များကိုစစ်ကားဖြင့်တိုက်ခဲ့​သောဗိုလ်မှူးဇနီးကိုဖမ်းဆီးပြီးပြန်လွှတ်​ပေး

ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးမယဉ်ယဉ်ထွန်းကို ရက်ပေါင်းများစွာသတင်းအတိအကျစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရခြင်းဟုလည်း ၎င်းတို့က​ပြောသည်။

(စစ်​ကောင်စီတပ်ဗိုလ်မှူးနိုင်ဘိုဘို၏ဇနီးမယဥ်ယဥ်ထွန်း။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဗိုလ်မှူးနိုင်ဘိုဘို၏ဇနီးမယဥ်ယဥ်ထွန်း။ ဓါတ်ပုံ-CJ)

▪︎ပြန်လွှတ်​ပေးသဖြင့်PDFများစိတ်မ​ကောင်းဖြစ်၊ဖမ်းဆီးထားသင့်​ကြောင်း​ပြော

ကြည့်မြင်တိုင်ဆန္ဒပြပွဲမှလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးကို ပြန်လွှတ် ပေးသည်ကို ကြားသိရ၍ စိတ်မကောင်းဖြစ်ရကြောင်း မြေပြင် ၌ ဖမ်းဆီးခဲ့သည့် PDF ရဲဘော်များကလူထုနွေဦးသို့ ပြောသည်။

ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးမယဉ်ယဉ်ထွန်းကို ရက်ပေါင်းများစွာသတင်းအတိအကျစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရခြင်းဟုလည်း ၎င်းတို့က​ပြောသည်။

“အင်းတော်-မဲဇာ ကြားမှာစောင့်ဖမ်းခဲ့တာ။ မနေ့က နေ့လည် ၁ နာရီမှာ ဖမ်းမိတယ်။ဒီနေ့ကျတော့တိုင်းရုံး(စစ်ကိုင်းတိုင်းစစ်ရုံး)က နေပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ကြားသိရတော့ တော်တော့်ကို စိတ်မကောင်းဖြစ်ရတယ်”ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။

မယဉ်ယဉ်ထွန်းမှာ ၎င်းရွှေ့ပြောင်းနေထိုင်နေသည့်ဟိုပင်မြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ်လုပ်ကိုင်နေသူဟုလည်းနာမည်ထွက်ထားသူ ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကြည်မြင့်တိုင်ကိစ္စပြီးတော့ ယောကျာ်းလုပ်တဲ့ စခ ဗိုလ်မှူးက မန္တလေးကနေ ပြီး သူ့မိန်းမကို ဟိုပင်က နန်းခွင်ရွာကို ပို့လိုက်တာ။ဒါကို အချိန်နဲ့အမျှသတင်းယူပြီးစောင့်ကြည့်တယ်။မနေ့က(သြဂုတ် ၂၆ ရက်)က ဟိုပင်မြို့နယ်ကနေ ၁၀ နာရီလောက်ထွက်လာတယ်။ကျွန်တော်တို့ အင်းတော် PDF ရဲ့ မြေပြင်ရဲဘော်တွေကပဲ အဓိက ဖမ်း ခဲ့တာ။လွှဲပေးတော့ လွှဲလိုက်ပြီး ပြန်လွှတ်ပေးတော့ ဘာမှမသိရဘူး”ဟု ဖမ်းဆီးရေးတွင်ပါဝင်သော သီး ခြားရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

ဖမ်းဆီးရေးတွင်ပါဝင်သည့် PDF ရဲဘော်များ၏ ဆန္ဒအရ ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးကို ဖမ်းဆီးထား ရန်လိုအပ်ကြောင်း ၎င်းကဆက်​ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်း၌ ဆန္ဒပြလူငယ်များကိုကားဖြင့်တိုက်ခဲ့သူဗိုလ်မှူး၏ဇနီးကို PDFစစ်ကိုင်းတိုင်းစစ်တိုင်းရုံးကပြန်လွှတ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်ပြုမရသေးပေ။

ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ဦး​ဆောင်ပါဝင်ခဲ့သည်။ဆန္ဒပြ​ကျောင်းသားလူငယ်များကိုကားနှင့်တိုက်ဖမ်းခဲ့သဖြင့် လူငယ်အချို့ကျဆုံးပြီး အချို့ဒဏ်ရာအပြင်းအထန်ရကာဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။